စက်မှုဇုန်မြေကွက်များ အရောင်းအဝယ်စျေးကွက် ကောင်းမွန်ဖြစ်ထွန်းနေ

javascript

စက်မှုဇုန်မြေကွက်များ အရောင်းအဝယ်စျေးကွက် ကောင်းမွန်ဖြစ်ထွန်းနေ


 


ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် အောက်တိုဘာလဝန်းကျင်ခန့်မှ


ယနေ့နှစ်ကုန်ပိုင်းကာလအတွင်း စက်မှုဇုန် အရောင်းအငှားစျေးကွက်များ


ပြန်လည်ကောင်းမွန်လာလျက်ရှိသည်ဟု အိမ်ခြံမြေအကျိုးဆောင်များမှ


ပြောကြားချက်များအရ သိရသည်။


 


အိမ်ခြံမြေစျေးကွက်အတွင်း၌ လုံးချင်းနှင့်တိုက်ခန်းအရောင်းများအနေုဖြင့်


လည်း အရောင်းအဝယ်ပြန်လည် လှုပ်ခတ်လာသည့် အနေအထားရှိနေပြီး


စျေးအတတ်အကျအားဖြင့် သိသိသာသာ တိုးမြှင့်လာမှုမရှိပဲ အရောင်း


အဝယ်ဖြစ်မှု အများစုမှာ ယခင်ပုံမှန်ခေါ်ဆိုစျေးများထက် လျော့ပေ့ါခေါ်ဆို


လာမှုများကြောင့် ဝယ်လိုများရှိလာပြီး အရောင်းအဝယ်ဖြစ်မှုများ ပိုမိုတွေ့


လာရကြောင်း သိရသည်။


 


၂၀၁၆ နှစ်ဆန်းပိုင်းကာလများမှစ၍ ရန်ကုန်အိမ်ခြံမြေစျေးကွက်အတွင်း


အရောင်းအဝယ်များ ကျဆင်းလာခဲ့ပြီး စက်မှုဇုန် စျေးကွက်များအနေဖြင့်


လည်း အစိုးရသစ်တတ်လာပြီးနောက်ပိုင်းစက်မှုဇုန်များနှင့် စပ်လျင်း၍


စည်းမျဉ်းဥပဒေများ တင်းကြပ်လာခြင်းကြောင့် အရောင်းအဝယ် တုံ့ဆိုင်း


သွားသည့် အခြေအနေဖြစ်ခဲ့ပြီး ပြန်လည်ရောင်းချလိုသည့် မြေကွက်များ


များပြားလာခဲ့သည်။ ရောင်းလိုအား ပိုမိုများပြားလာပြီး ဝယ်လက်နည်းပါး


ခဲ့သော်လည်း စက်မှုဇုန်များနှင့်စပ်လျင်း၍ နိုင်ငံတော်အစိုးရမှ ပြည်ပရင်းနှီး


မြှုပ်နှီးမြှုပ်နှံမှုများအတွက် အခွင့်အလမ်းများ ပိုမိုချမှတ်ပေးလာနိုင်ခြင်း၊


ပြည်တွင်းလုပ်ငန်းရှင်များအတွက်လည်း စက်မှုကုန်ထုတ်လုပ်ငန်းများ


အဆင်ပြေချောမွေ့စွာလုပ်ကိုင်နိုင်ရန်အတွက် အထောက်အပံ့ကောင်းများ


ချမှတ်ရေးဆွဲ၍တိုက်တွန်းအားပေးမှုများ ရှိလာခြင်းကြောင့် စက်မှုဇုန်များ


အတွင်း အရောင်းအဝယ်စျေးကွက် ပိုမိုကောင်းမွန်လာခဲ့သည်။


 


စက်မှုဇုန်များအတွင်း အရောင်းအဝယ်စျေးကွက် ဖြစ်ထွန်းမှု အခြေအနေ


များနှင့် ပတ်သက်၍ အကျိုးဆောင်လုပ်ငန်းတစ်ခုသို့ မေးမြန်းရာတွင်


 


“ပြည်ပကနေ လာကြည့်ကြတာတွေလည်း ရှိပါတယ် စုံစမ်းမေးမြန်းတာတွေ


ကတော့ မကြာခဏပဲ ပြည်ပဝယ်လက်တွေကတော့ လတ်တလော နည်းပါး


ပါတယ် ပြည်တွင်းကပဲ အဝယ်များတယ် လှိုင်သာယာ၊ မင်္ဂလာဒုံဘက်တွေ


အရောင်းအဝယ်တွေ ဖြစ်တယ် လှိုင်သာယာဘက်ဆိုရင် အနော်ရထာ စက်မှု


ဇုန်၊ မြစိမ်းရောင် စက်မှုဇုန်ဘက်တွေ အရောင်းအဝယ်တွေ ဖြစ်လာပါတယ်


စျေးတွေကတော့ နေရာအကျယ်အဝန်းအလိုက်ပေ့ါ ပုံမှန်စျေးကွက်အခြေအနေ


ပါပဲ  စက်မှုဇုန်ဘက်တွေကမြို့ထဲ တိုက်ခန်း၊ အိမ်တွေလို စျေးကွက် အတတ်


အကျ အရမ်းကြီးစျေးခေါ်တာစျေးကျတာမျိုး မရှိပါဘူး လမ်းမတန်း၊ လမ်းမကြီး


ဘေးလိုမျိုး နေရာတွေကတော့စျေးပိုတာပေ့ါ ကြိုက်ရောင်းကြိုက်ဝယ် အနေနဲ့


စျေးခေါ်တာမျိုးတော့ရှိပါတယ်” ဟု နဝဒေးဥယျာဉ် အိမ်ရာရှိ ကိုးကန့်ဟွာကွေ့


အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဒေါ်စုဖြိုးဝေ က


ပြောကြားသည်။


 


စက်မှုကုန်ထုတ်လုပ်ငန်းများအနေဖြင့် နောင်လာမည့် နှစ်များအတွင်း ပိုမို


တိုးတက်ဖွံ့ဖြိုးလာနိုင်ဖွယ်ရှိသည့် အနေအထားကြောင့် ပြည်တွင်း စက်မှု


လုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်ငန်းလည်ပတ်နိုင်ရေးအတွက် အလေး


ထား လုပ်ဆောင်မှုများရှိလာပြီး ယခင် ဇုန်မြေကွက်လွတ်များ ပိုင်ဆိုင်ရယူ


ထားသူများမှာလည်း ဂိုထောင်များ၊ စက်ရုံတည်ဆောက်မှုများကို ပိုမိုတွေ့ရှိလာရ


ကာ အရောင်းအဝယ်အငှား စျေးကွက်များလည်း ကောင်းမွန်လာခဲ့သည်ကို တွေ့


ရသည်။ လက်ရှိအစိုးရအနေဖြင့်လည်း စက်မှုဇုန်များအတွက် အဓိကအခြေခံ


လိုအပ်ချက်တစ်ခုဖြစ်သော လျှပ်စစ်ဓာတ်အားတိုးတတ် ထုတ်လုပ်နိုင်ရေးအတွက်


ကြိုးပမ်းဆောင်ရွက်လျက်ရှိနေကာ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက်


( National Electrication Plan ) ကို ကမ ္ဘာ့ဘဏ်အကူအညီဖြင့် စီစဉ်ရေးဆွဲ


ထားပြီး ဖြစ်ကာ  စက်မှုဇုန်များသာမက တနိုင်ငံလုံးအတိုင်းအတာအထိ နှစ်စဉ်


တိုးတတ် ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


 


Estate Myanmar Enterprise Real Estate Agency

 


 


 

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.