ဒီတစ်ပတ်ရဲ့ စိတ်ကြိုက်အိမ်

javascript

ဒီတစ်ပတ် မြန်မာတိုင်း(မ်)ရဲ့ စိတ်ကြိုက်အိမ်ကဏ္ဍအတွက် မရမ်းကုန်းမြို့နယ်၊ ၇ မိုင်အနီးက သီရိရိပ်သာလမ်းပေါ်မှာရှိတဲ့ နေချင်စဖွယ် အဖြူရောင် နှစ်ထပ်ခွဲတိုက်လေးကို 

ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။


မြေအကျယ်အဝန်း ၃,၂ဝဝ စတုရန်းပေ ကျယ်ဝန်းတဲ့ မြေနေရာပေါ်မှာ ကြမ်းခင်းဧရိယာစုစုပေါင်း  ၃,၅ဝဝ စတုရန်းပေရှိတဲ့ နှစ်ထပ်ခွဲတိုက် တည်ဆောက်ထားတာဖြစ်လို့ မိသားစုများသူတွေအတွက် အဆင်ပြေစေနိုင်မှာ ဖြစ်ပါတယ်။


အိမ်တွင်းအိမ်ပြင် ဒီဇိုင်းနှစ်ခုစလုံးကို သစ်လွင်တောက်ပစေရန် သေချာပြင်ဆင်ထားရုံမက အိမ်တစ်ခုလုံးကို ပါကေးခင်းထားပြီး အိမ်အတွင်းမှာ လိုအပ်တဲ့ ပရိဘောဂပစ္စည်း 

အပြည့်အစုံပါဝင်မယ့် ဒီအိမ်လေးက အသင့်နေထိုင်လိုသူတွေ အကြိုက်တွေ့နိုင်မယ့် အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။


မရမ်းကုန်းမြို့နယ်အတွင်းမှာ တည်ရှိတဲ့ ဒီအိမ်လေးက အိမ်နဲ့ ရုံးခန်း တွဲဖက် ဖွင့်လှစ်ချင်သူတွေ ရွေးချယ်သင့်တဲ့ အိမ်လေးတစ်အိမ်လည်း ဖြစ်ပါတယ်။ အိမ်နဲ့ ရုံးခန်းတွဲဖက်ဖွင့်လှစ်နိုင်ဖို့ လုံလောက်တဲ့ ခြံဝင်းအကျယ်နဲ့ အိမ်အကျယ်ရှိပြီး ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်တဲ့နေရာ မှာတည်ရှိတာကြောင့် အိမ်အတွင်းရုံးခန်းဖွင့်ဖို့  သင့်တော်တဲ့ အိမ်လေးတစ်အိမ်လည်း ဖြစ်ပါတယ်။


ဒီအိမ်လေးမှာ နှစ်ယောက်အိပ်ခန်းတစ်ခန်း၊ တစ်ယောက်အိပ်ခန်း လေးခန်း၊ ရေချိုးခန်သုံးခန်း၊ ထမင်းစားခန်း၊ ဧည့်ခန်းကျယ်များအပြင် မီးဖိုချောင်ဧရိယာလည်း သီးခြားပါဝင်တဲ့အတွက် မိသားစုများသူတွေအတွက် သင့်တော်တဲ့ အိမ်လေးတစ်လုံး ဖြစ်ပါတယ်။


Source : The Myanmar Times

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.