ဒီတစ်ပတ်ရဲ့ စိတ်ကြိုက်အိမ်

javascript

ဒီအိမ်လေးကို မြေအကျယ်အဝန်း ၃,၅ဝဝ စတုရန်းပေ ကျယ်ဝန်းတဲ့ မြေနေရာပေါ်မှာ တစ်ထပ်ကို 

ကြမ်းခင်းဧရိယာ ၁,၆ဝဝ စတုရန်းပေရှိတဲ့နှစ်ထပ်တိုက်အိမ်လေး တည်ဆောက်ထားတာဖြစ်ပြီး 

အခန်းများများ ထည့်သွင်းတည်ဆောက်ထားတာဖြစ်လို့ မိသားစု များသူတွေအတွက် 

အဆင်ပြေစေနိုင်မှာ ဖြစ်ပါတယ်။


ဒီအိမ်လေးမှာ နှစ်ယောက်အိပ်ခန်း လေးခန်း၊ ရေချိုးခန်း သုံးခန်း၊ ဧည့်ခန်းကျယ် နှစ်ခန်း၊ 

ထမင်းစားခန်းအပြင် မီးဖိုချောင်ဧရိယာလည်း သီးခြားပါဝင်တဲ့အတွက် မိသားစုများသူတွေ 

ရွေးချယ်သင့်တဲ့ အိမ်လေးတစ်လုံးဖြစ်ပါတယ်။


အိမ်တွင်းအိမ်ပြင် ဒီဇိုင်းနှစ်ခုစလုံးကို ခေတ်မီဒီဇိုင်းများကို အသုံးပြုကာ အလှဆင် 

ဆောက်လုပ်ထားပါတယ်။ အိမ်အတွင်းမှာလည်း ပါကေးခင်းထားပြီး အိမ်အပြင်မှာလည်း

သမံတလင်း ခင်းထားတာဖြစ်လို့ မြက်ခင်းပြင်များ၊ မြေမှုန့်များကို မနှစ်သက်ဘဲ သပ်ရပ်စွာ 

နေထိုင်လိုသူများအတွက် အဆင်ပြေစေနိုင်မယ့် အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။


အိမ်လေးကို မှန်ပြတင်းပေါက် အများအပြား ထည့်သွင်းတည်ဆောက် ထားတဲ့အတွက် သဘာဝ

အလင်းရောင်ကို ကောင်းမွန်စွာ ရရှိနိုင်တဲ့အပြင် သဘာဝလေပြေလေညင်းလေးများကိုလည်း

ခံစားနိုင်မှာ ဖြစ်ပါတယ်။ မွန်းကျပ်တဲ့ အလုံပိတ်တိုက်ခန်းတွေကို မနှစ်သက်ဘဲ 

သဘာဝလေပြေလေညင်းနဲ့ အလင်းရောင်ကို နှစ်သက်သူတွေအတွက် ရွေးချယ်သင့်တဲ့

အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။


နေထိုင်ဖို့အတွက် ပိုမိုသင့်တော်ပေမဲ့ အိမ်တွင်းမှာ ရုံးခန်းငယ်လေး တွဲဖက် ဖွင့်လှစ်လိုသူများ

အတွက်လည်း အဆင်ပြေနိုင်မယ့် အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။ ဆိတ်ငြိမ်တဲ့နေရာမှာ 

တည်ရှိပြီး သွားလာရလွယ်ကူတဲ့ မြို့လယ်ကောင်နဲ့ မနီးမဝေးမှာ တည်ရှိတဲ့အတွက် နေထိုင်သူများ

အဆင်ပြေစွာ သွားလာနိုင်မယ့် အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။ အိမ်လေးရဲ့အနားမှာ စီးတီးမတ်

စျေးဝယ်စင်တာတစ်ခုလည်း ရှိတဲ့အတွက် နေထိုင်သူတွေအတွက် အဆင်ပြေစွာ

စျေးဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။


ဒီအိမ်လေးမှာ ကားဂိုဒေါင်ပါဝင်တဲ့အပြင် ခြံဝင်းထဲမှာလည်း ကားအများအပြား ရပ်နားနိုင်ရန် 

လုံလောက်တဲ့ မြေနေရာ ပါဝင်တဲ့အတွက် ကားပါကင်နေရာအတွက် လုံးဝစိတ်ပူစရာ မလိုပါဘူး။ 

ကိုယ်ပိုင်ခြံဝင်းနဲ့ ဖြစ်တာကြောင့် ခြံနဲ့အိမ် လုံခြုံရေးကိုလည်း စိတ်ချထားလို့ ရပါတယ်။


အိမ်အတွင်းမှာ လိုအပ်တဲ့ ပရိဘောဂပစ္စည်းအပြည့်အစုံ ပါဝင်မယ့် ဒီအိမ်လေးက အသင့်

နေထိုင်လိုသူတွေ အကြိုက်တွေ့နိုင်မယ့် အိမ်လေးတစ်အိမ်လည်း ဖြစ်ပါတယ်။ 

ဧည့်ခန်းကျယ်နှစ်ခန်း၊ ကျယ်ဝန်းသော လေသာဆောင် ဝရန်တာတစ်ခု ပါဝင်မယ့်အပြင်

လေအေးပေးစက် ရှစ်လုံးကိုလည်း တပ်ဆင်ပေးထားတာဖြစ်လို့ နေထိုင်သူများအတွက် 

အဆင်ပြေစွာ နေထိုင်နိုင်မယ့် အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။


ဒီအိမ်လေးကို ငှားရမ်းချင်တယ်ဆိုရင်တော့ တစ်လလျှင် ငှားရမ်းခ အမေရိကန်ဒေါ်လာ 

၃,ဝဝဝ ခန့် ကျသင့်မှာဖြစ်ပြီး ငှားရမ်းမယ့်သူက အိမ်ရှင်နဲ့ စျေးနှုန်းအသေးစိတ်ကို 

ဆက်လက်ညှိနှိုင်းနိုင်ပါတယ်။


ဒီအိမ်လေးကို ငှားရမ်းဖို့ စိတ်ဝင်စားသူတွေက Estate Myanmar အိမ်ခြံမြေအကျိုးဆောင်

လုပ်ငန်းက ဝ၉-၄၃၁၁၈၇၈၇ နဲ့ ဝ၉-၇၃၁၁၄၈၆ဝ ဖုန်းနံပါတ်တွေကို ဆက်သွယ်

မေးမြန်းနိုင်ပါတယ်။


Source: Myanmar Time

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.