အငှားအိမ်ရာမှာ နေရင်း ကိုယ်ပိုင်အခန်း ဝယ်နိုင်ဖို့ ငွေစုတဲ့ စီမံကိန်း စတင်မည်

javascript
တန်ဖိုးနည်းအိမ်ရာ မဝယ်ယူနိုင်သေးတဲ့သူတွေအတွက် အငှားအိမ်ရာမှာေ နရင်း တန်ဖိုးနည်းအိမ်ရာဝယ်ယူနိုင်ဖို့အတွက် စီမံကိန်း ဆောင်ရွက်ဖို့ စီ စဉ်နေတယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်း (MCEA) က သိရပါတယ်။

ဝင်ငွေနည်းပြည်သူတွေအတွက် တန်ဖိုးနည်းအိမ်ရာနဲ့ အငှားအိမ်ရာ စီမံ ကိန်း တွေကို လာမယ့်ဧပြီလလောက်ကနေ စတင်တည်ဆောက်ဖို့စီစဉ်ထား တယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းကသိရပါတယ်။

တန်ဖိုးနည်းအိမ်ရာ မဝယ်ယူနိုုင်သေးတဲ့သူတွေက အငှားအိမ်ရာမှာနေထိုင် ရင်း ပိုက်ဆံစုပြီးတန်ဖိုးနည်းအိမ်ရာဝယ်ယူတဲ့ ပုံစံမျိုးဆောင်ရွက်ဖို့ စီစဉ်ထား တာဖြစ်ပါတယ်။ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း ( 
MCEA)ဥက္ကဋ္ဌ ဦးသာဌေးက တန်ဖိုးနည်း မဝယ်ယူနိုင်သေးတဲ့ သူတွေအ တွက် အငှားအိမ်ပေး မယ်၊ အဲဒီကနေစုပြီး တန်ဖိုးနည်း တတ်နိုင်ရင် စင်ကာ ပူလို သင့်တင့်တဲ့အိမ် ရာလုပ်ပေးမယ်၊  ဒီကြားထဲမှာ နေစရာရှိအောင် အငှား အိမ်ရာဆောက်ပေး မယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းက တန်ဖိုးနည်းတန်ဖိုးမျှ အိမ်ရာတွေကိုလာမယ့် ဘဏ္ဍာရေးနှစ်ကနေစပြီး တစ်နိုင်ငံလုံး တည်ဆော က်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ တည်ဆောက်မယ့် နေရာတွေကိုတော့ အေ သးစိတ် မထုတ်ပြန်သေးဘဲ နေရာကောင်းတွေမှာ တည်ဆောက်မှာ ဖြစ် တယ်လို့ သိရပါတယ်။ တန်ဖိုးနည်းအိမ်ရာတွေကို ဝင်ငွေနည်းပြည်သူတွေ အတွက် ရည်ရွယ်ပြီး တည်ဆောက်တာဖြစ်ပြီး အိမ်ခန်းတစ်ခန်းကို ကျပ် သိန်း ၁ဝဝ ဝန်းကျင်နဲ့ ရောင်းချနိုင်ခြေရှိတယ်လို့ သိရပါတယ်။

တန်ဖိုးနည်းအိမ်ရာဝယ်ယူဖို့အတွက် ကျပ်သိန်း ၃၀ ဘဏ်မှာငွေစု ထားရ မယ်။ စုငွေ ကျပ်သိန်း ၃၀ ပြည့်တာနဲ့ ခန့်မှန်းခြေ ကျပ်သိန်း ၁ဝဝ ဝန်းကျင် ရှိတဲ့ အိမ်ကိုဝယ်နိုင်မှာဖြစ်ပါတယ်။ ကျန်ငွေ ၇၀ ရာခိုင်နှုန်းကို ၁၀ နှစ် အ ရစ်ကျ စနစ်နဲ့ပေးချေရမှာဖြစ်ပါတယ်။


Source : The Kumudra

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: No. (B/404), Min Dhama Luxury Condominium, Min Dhama Road, Mayangone Township, Yangon, Myanmar.