၂၀၁၇ ခုနှစ် အခွန်အကောက် ဥပဒေအရ အခေါက်ရွှေ ငါးရာခိုင်နှုန်း အခွန်ကျသင့်မည့် ကိစ္စ ရွှေစျေးကွက်အပေါ် ထိခိုက်မှု စေခြင်းကြောင့် ပြန်လည် ညှိနှိုင်းမည်

javascript
၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအရ အခေါက်ရွှေ ငါး ရာခိုင်နှုန်း အခွန်ကျသင့်မည့် ကိစ္စသည် ပြည်တွင်းရွှေစျေးကွက်အပေါ် ထိ ခိုက်မှု ဖြစ်စေခြင်းကြောင့် ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရွှေ လုပ်ငန်းရှင်များအသင်း ပြန်လည်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း အသင်းအ တွင်းရေးမှူး ဦးကျော်ဝင်းက ပြောကြားသည်။

“ကျွန်တော်တို့ အဲဒီအခက်အခဲတွေကို သက်ဆိုင်ရာ အခွန်ဌာနကို တင်ပြေ ဆွးနွေးပြီးတော့ ညှိနှိုင်းရမှာပေါ့။ ဥပဒေ ထွက်ပြီးပြီဆိုတော့ လွှတ်တော် အ ထိတော့ တင်လို့ မရတော့ဘူး။ တင်ချင်ရင် နောက်နှစ်မှ တင်လို့ ရတော့ မယ်။ နောက်တစ်ခါတင်တဲ့ ဥပဒေပဲ ရမယ် ဒီဥပဒေမှာတော့ မရတော့ဘူး။ စစချင်း လွှတ်တော်မှာ ဆွေးနွေးတုန်းက ငါးရာခိုင်နှုန်း မဟုတ်ဘဲ အတည်ြ ပုတော့ ငါးရာခိုင်နှုန်း ဖြစ်သွားတယ်။ အသေးစိတ်တော့ လွှတ်တော်ကပဲ သိမှာပဲ။ စျေးကွက်ကတော့ ထိခိုက်တာပေါ့ဗျာ။ သဘာဝကျတဲ့အခွန် ဆို ရင်တော့ အားလုံး အဆင်ပြေတာပေါ့။ အခုကျတော့ နည်းနည်းများတော့ အခက်အခဲ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကို ပြီးခဲ့သည့် မတ်လ ဆန်းတွင် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ရွှေရောင်းဝယ်မှုများအပေါ် ကောက်ခံမည့် အခွန်ကိစ္စရပ်များအတွက် မတ် ၁၅ တွင် ပြည်တွင်းအခွန်များ ဦးစီးဌာ နနှင့် ရွှေရောင်းဝယ်ရေး လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရ သည်။

အဆိုပါ ရှင်းလင်းပွဲတွင် ရွှေထည်များကို ဝယ်သူက အခွန်တစ်ရာခိုင်နှုန်း ေ ပးဆောင်ရမည့် ကိစ္စ၊ အခွန်ရုံးက ထုတ်ပေးမည့် တံဆိပ်ခေါင်းကို ဆိုင်က ကပ်ပေးရမည်ဖြစ်ပြီး မကပ်ဘဲ ရောင်းသူကို ဒဏ်ရိုက်မည်ဖြစ်ကာ သတ င်းပေးသူကို ဆုပေးမည့်ကိစ္စ၊ အခေါက်ရွှေ ၁၆ ပဲရည် ရွှေတုံးရွှေပြားဆိုရင် အခွန် ငါးရာခိုင်နှုန်း ပေးရမည့် ကိစ္စ၊ တွင်းထွက်ကျောက်များက အထူးကုန် စည်ဖြစ်ခြင်းကြောင့် ရောင်းသူ ငါးရာခိုင်နှုန်း၊ ဝယ်သူ ငါးရာခိုင်နှုန်း ပေးေ ဆာင်ရမည့်ကိစ္စ စသည်တို့ ဆွေးနွေးခဲ့ကြပြီး ဥပမာ ရွှေနှင့်ကျောက်ပါသော အထည် ဆိုပါက ကျောက်မျက်အတွက် ရောင်းသူ ငါးရာခိုင်နှုန်း၊ ဝယ်သူ ငါးရာခိုင်နှုန်းနှင့် ရွှေတန်ဖိုး၏ တစ်ရာခိုင်နှုန်းကို ဝယ်သူက ပေးဆောင်ရ မည်ဖြစ်ကြောင်း သိရသည်။
တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က “ဥပဒေကြမ်းမှာတုန်းက အေ ခါက်ရွှေက အခွန်လွတ်တယ်။ တကယ်အတည်ပြုတဲ့ အချိန်ကျတော့ ငါးရာ ခိုင်နှုန်း ဖြစ်သွားတာပေါ့။ ဒီအခွန်နှုန်းနဲ့တော့ အဆင်မပြေဘူး။ ဘယ်သူမှ ဒီအခွန်နဲ့ ဝယ်ကြရောင်းကြတော့မှာ မဟုတ်ဘူး။ ခေါ်ပြီး ရှင်းလင်းချိန်မှာ ဥပဒေက အတည်ပြုပြီးသွားပြီဆိုတော့ ဒီအကြောင်းကိုပြောတော့ ဒီဥပဒေ ကို လွှတ်တော်က အတည်ပြုတာဆိုတော့ ပြင်ဖို့ လွှတ်တော်ကပဲ သွားရ မယ်ပြောတယ်။ အခွန်ဌာနနဲ့တော့ ပြန်ညှိရဦးမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဧပြီ ၁ ရက်စပြီး ဒီအခွန်နှုန်းတွေ လာမှာဖြစ်ပါတယ်။ စိန်ထည်ကျောက် ထည်တွေကတော့ တော်တော်လေးကို အရောင်းအဝယ် ပါးသွားမှာ ဖြစ် ပါတယ်။ ရွှေထည် တစ်ရာခိုင်နှုန်းကတော့ ပြဿနာ မရှိဘူးပေါ့၊ ပေးနိုင်ပါ တယ်။ ဒီအခွန်နှုန်းနဲ့ဆိုရင် အခေါက်ရွှေဝယ်စုသူတွေ ပပျောက်သွားနိုင် တယ်။ ဒီအခွန်နှုန်းနဲ့ ဘယ်သူမှ ဝယ်မစုနိုင်ဘူး” ဟု ဆိုသည်။

အခွန် တစ်ရာခိုင်နှုန်း ကောက်ခံမည့် ရွှေထည်များ၏ အခြေခံ ကုန်ကြမ်း သည် အခေါက်ရွှေဖြစ်ပြီး ယခုကဲ့သို့ အခေါက်ရွှေကို အခွန်ငါးရာခိုင်နှုန်း ေ ကာက်ခံပါက ကုန်ကြမ်းအဆင့်တွင်ပင် အခွန်ငါးရာခိုင်နှုန်း ပေးဆောင် လိုက်ရခြင်းဖြစ်သည်။ ကုန်ချောအဆင့်တွင် တစ်ရာခိုင်နှုန်း၊ အထည်အ လိုက် ပေးရသော အလျော့တွက်လက်ခ၊ ရွှေဆိုင်မှ ယူသော အကျိုး အမြတ် များ ပေါင်းလိုက်ပါက ရွှေထည်ဝယ်ယူသူများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေ ပြီး ပြန်လည်ရောင်းချချိန်တွင်လည်း အနည်းဆုံး ရှစ်ရာခိုင်နှုန်းအထက် စျေး တက်နေမှသာ အကျိုးအမြတ် အနည်းငယ် ရရှိနိုင်မည် ဖြစ်သည်။ ထို့အတူ လက်ရှိရွှေစျေးကွက်အတွင်း ရောင်းချနေသော ရွှေဆိုင်များ အတွက်လည်း အခြေခံကုန်ကြမ်းဖြစ်သော အခေါက်ရွှေ ဝယ်ယူရာတွင် အခွန် ငါးရာခိုင်နှု န်းကြောင့် လမ်းကြောင်းမမှန်သော ရွှေဝယ်ယူမှုများ ဖြစ်ပေါ်လာနိုင်ပြီး အ ဆုံးတွင် ရွှေဝယ်ယူသူများ အပေါ်တွင်သာ နစ်နာဆုံးရှုံးမှု များပြားစေမည်ြ ဖစ်ကြောင်း ရွှေဆိုင်ပိုင်ရှင် တစ်ဦးက ရှင်းပြသည်။

“စျေးကွက်ထဲမှ အခေါက်တုံး ရောင်းဝယ်နေသူတွေ အများကြီးပဲ။ ဥပဒေအရ ဆိုရင်တော့ ဒီအခေါက်တုံး ရောင်းသူတွေဆီမှာ ဝယ်ရင် အခွန်ကောက် ရ မှာပေါ့။ ဒါပေမဲ့ အခွန်ကောက်ဖို့ဆို သူ့မှာ တံဆိပ်ခေါင်း ရှိရမယ်၊ အခွန်ရုံး မှာ မှတ်ပုံတင်ထားဖို့ လိုတယ်။ အခွန်ရုံးမှာလည်း မှတ်ပုံမတင်ထားဘူး၊ တံ ဆိပ်ခေါင်းလည်း မရှိဘူးဆိုရင် ဘယ်လိုမှ အခွန်ကောက်လို့ မရဘူး။ အဲဒီလို အခွန်ရုံးမှာ မှတ်ပုံမတင်ထားဘဲ အခေါက်ရွှေ ရောင်းဝယ်နေသူတွေက စျေး ကွက်ထဲမှာ အများကြီး ရှိတယ်။ အဲဒီလို သူတွေမှာ ကိုယ်က ရွှေသွားဝယ် မယ် ဆိုရင်တော့ သူတို့ကလည်း ကိုယ့်ဆီက အခွန်ကောက်လို့ မရတဲ့ အ တွက် အခွန် ငါးရာခိုင်နှုန်း သက်သာမှာပေါ့။ လူတွေက အဲဒီ လူတွေဆီမှာပဲ သွားဝယ်မှာပေါ့။ အခွန်ပေးရမယ့် ဆိုင်တွေဆီက ဘယ်သူက ဝယ်မှာလဲ။ ဥ ပမာ ရွှေဆိုင်မှာ ရွှေလိုလာပြီ၊ ၁၀ သားအပိုင်း လိုလာပြီ ဆိုရင်လည်း အဲဒီ လို သူတွေဆီမှာပဲ ဝယ်မှာပေါ့၊ နို့မို့ ဆိုင်မှာ သွားဝယ်ရင် ငါးရာခိုင်နှုန်းနဲ့ ရှုံး သွားမှာ ဖြစ်ပါတယ်။ လက်ရှိ အခေါက်ရွှေအခွန်နှုန်းအရ ဆိုရင် ရွှေ ဆိုင်သ မားတွေတောင် အဲဒီလူတွေဆီကပဲ အခေါက်ရွှေ ဝယ်ရတော့မယ့် အနေအ ထား ဖြစ်ပါတယ်” ဟု ရွှေဆိုင်ပိုင်ရှင် တစ်ဦးက ပြောကြားသည်။

လာမည့်ဧပြီ ၁ ရက်တွင် ရွှေထည်များနှင့် အခေါက်ရွှေများကို အခွန်စ တင် ကောက်ခံရန်အတွက် တံဆိပ်ခေါင်းများ အချိန်မီ မပြီးစီးသော် လည်း ရွှေဆိုင်များကို အခွန်စတင် ကောက်ခံရန် ပြည်တွင်းအခွန်များ ဦးစီး ဌာနမှ ညွှန်ကြားထားသည် ရွှေများ အခွန်ကောက်ခံမှုနှင့် ပတ်သက်၍ မရှင်း လင်းသေးသော အချက်များဖြစ်သော ယခင်ဝယ်ထားသော ရွှေနှင့် အထည် အပ်ပါက အခွန်ပေးဆောင် ရန်လို/မလို၊ အခွန်ဆောင်ပြီး ဝယ်ထားေ သာ ရွှေပြန်ရောင်းပြီး အသစ်ပြန်ဝယ်လျှင် အခွန်ဆောင်ရန် လို/မလို စ သည့် အချက်များကို မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းက မေးမြန်း ထားပြီး ပြည်တွင်းအခွန်များ ဦးစီးဌာနက ပြန်လည်ပြောကြားခြင်း မရှိေ သးကြောင်း သိရသည်။


Source : Eleven Media Group

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.